၁။ ကြယ်လေးလုံးသည် ဝတီးလေးရပ်ကို ကိုယ်စားပြုပြီး
လေးရပ်ဝတီ သွေးစည်းညီညွတ်ခြင်း အဓိပါယ်ကိုဖေါ်ဆောင်
သည်။
၂။ လက်ဝါးပေါ်တွင် တင်ထားသည့် ဆီမီးခွက်သည် ဗုဒ္ဓ ဘုရားရှင်အား ပူဇော်နေခြင်းနှင့်၊ ရခိုင်လူမျိုးတို့သည် တခု တည်းသော ဗုဒ္ဓဘာသာဝင် များသာဖြစ်ခြင်း အဓိပ္ပါယ်ကိုဖေါ်
ဆောင်သည်။
၃။ စကြာဝိုင်းသည် အရာရာအားလုံးကို အလိုရှိသည့် အတိုင်း အောင်မြင်ပြီးစီးနိုင်ခြင်း အဓိပ္ပါယ်ကိုဖေါ်ဆောင်သည်။
၎။ အစိမ်းရောင်အပင်သည် ရခိုင်ပြည်တွင်း တန်ဖိုးမဖြတ်နိုင်
သည့် ရေ၊ မြေ၊ တောတောင် သဘာဝသယံဇာတ စိမ်းလန်း စိုပြည်စွာ တည်ရှိနေခြင်း အဓိပ္ပါယ်ကို ဖေါ်ဆောင်သည်။
၅။ ကမ္ဘာမြေသည် ရခိုင်လူမျိုးမှာ (BC - 3325 မှ AD - 1784) ထိ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်မင်းကိုယ့်ရှင်းနှင့် နှစ်ပေါင်း ငါးထောင်ကျော်ထိ ရပ်တည်ခဲ့ကြပြီး၊ ယနေ့ထိတိုင် ကမ္ဘာ ကြီး၌ ရခိုင်လူမျိုး၊ ရခိုင်ပြည်ဟု တည်ရှိနေခြင်း အဓိပ္ပါယ် ကို ဖေါ်ဆောင်သည်။
No comments:
Post a Comment