ရခိုင်ပြည် ဝေသာလီ၌
သိရိစန္ဒြားမင်း နန်းစံအုပ်စိုးလျှက်ရှိစဉ် အရှေ့ဘင်္ဂလားနယ် သူရတန်ဘုရင်က
ခါတိုင်းကဲ့သို့ အခွန်ဘဏ္ဍာ ဆက်သခြင်းမပြုဘဲ အာခံအန်တု
အားပြိုင်လာသောကြောင့် ရခိုင်ဘုရင် သီရိစန္ဒြားမင်းသည်
သားတော်အိမ်ရှေ့မင်းသား သိင်္ဂစန္ဒြားအား စစ်သည်ဗိုလ်ပါ မြောက်မြားစွာနှင့်
သူရတန်ကုလားမင်းကို တိုက်ခိုကစေခဲ့လေသည်။ ဤစစ်ပွဲတွင်
ကုလားသူရတန်မင်း စစ်ရှုံး၍ သူ၏သမီးတော် (၂)ပါး ဖြစ်သည့် ဒန်ရမာဇလီ နှင့်
ဒူရဘီ ) တို့ကို ရခိုင်အိမ်ရှေ့မင်းသား သိမ်း ယူ လေသည် ၊ ဝေသာလီခေတ်
သူရတန်ကုလားမင်းကို ရခိုင်တို့ စစ်ချီခဲ့ပုံကို ဝေသာလီတွင် ကျန်ရစ်ခဲ့သော
သူ၏ အိမ်ရှေ့မိဖုရား စော ပြည့် ညို ရေး ရွန်းလိုက်ရတု က သက်သေထူနေသည်
ကုလားနီပြန် သူရတန်က၊ အားအင်ပြတုံလှာရယ်၊ခွန်ဘဏ္ဍာဆက်မသွင်း ၊ ဥပရာဇ်သျှင်
၊မယ်ထိပ်တင်ကို ၊အလျင်ချီစေလျင်းဟု ၊ သောင်းတွင်ဇမ္မူပိုင် ၊ အာဏာမိန့်မြွက်
ဘခင်နတ်က၊ အမတ်တထောင် များမြောင်လက်နက်ကိုင် နယ့် ၊ တောင်မဏ္ဍိုင်ပြိုမခန်း
၊ ဆင်မြင်းစစ်ချီ ၊ပဲ့တင်စီကေ ၊ဧမြီသိမ့်သိမ့်ကျန်းမှ ဟူ၍ စပ်ဆိုခဲ့သည်
။ ဤစစ်ပွဲကား ရခိုင်နှင့် ကုလားတို့ ၏ ပထမဆုံး စစ်ပွဲ ဖြစ်လေသည်။ +++++
လေးမြို့ခေတ် ကုလား ရခိုင် ပထမ စစ်ပွဲ
(AD1246) လေးမြို့ခေတ်တွင် ဒုတိယပုရိန်မြို့တည်
ဒသရာဇာမင်း၏အနွယ်တော်
(21)ဆက်မြောက် ငနှလုံးမင်းသည် ရခိုင်ပြည်တွင်
အုပ်ချုပ်မင်းလုပ်နေသောအချိန်ဖြစ်သည်၊ ထိုမင်းလက်ထက်တွင် မြေရှင်ပဒေသရာဇ်
ကုလားလူမျိုး များနှင့် သက်လူမျိုးတို့ ပူးပေါင်းကာ ရခိုင်ဘုရင်ကို
အင်အားပြ ပုန်ကုန်ကြလေသည်၊ ရခိုင်ဘုရင် ငနှလုံးမင်းသည်
အမတ်ဆင်ကဲကြီး နှင့် ပြည်စိုးကြီးအမတ် ဓမ္မဇေယျကို ဗိုလ်ချုပ်ခန့်၍
စစ်သည်သူရဲ ငါးသောင်းပေးကာ ဘင်္ဂလားသို့ ချီတက်တိုက်ခိုက်စေသည်၊ ရခိုင်စစ်တပ်၏ ထိုးစစ်ကြောင့် (၅)ရက်တည်းနှင့် စစ်တကောင်းမြို့ ကျလေသည်၊ ကုလားတို့သည် လည်း ဒက္ကားမြို့ထိ ဆုတ်ခွာကာ ဒက္ကားမြို့၌ အခိုင်အလုံ ခံတပ်ချနေကြလေသည်၊ စစ်သူကြီး ဓမ္မဇေယျလည်း လောက်ချေးပူရမြို့တိုင်အောင် ချီတက်၍ တပ်စွဲထား လေ သည်၊ ဤစစ်ပွဲတွင် ကုလားမင်းသားသည် ဗလ၀ါ ဟူသော ဆင်ကိုစီးပြီး ရခိုင်စစ်သူကြီး ဓမ္မဇေယျ က နတ်ယာဉ်ပျံ ဟူသော ဆင်ကိုစီး၍
စီးချင်းထိုး တိုက်ကြလေရာ ဓမ္မဇေယျ၏ လှံချက်မိသောကြောင့် ကုလားမင်းသာ ဆင်ထက်က ကျ၍ ဖမ်းမိလေသည်၊ ကျန်ကုလားစစ် သားများသည်လည်း ထွက်ပြေးကြလေသည်၊ ရခိုင်စစ်သူကြီးလည်း ထိုစစ်ပွဲ့တွင် ရခိုင်အခေါ် မောက်သူဇာ( Murshidabad )
မြို့ထိ ချီတက်တိုက်ခိုက်သိမ်းယူသည်၊ ဘင်္ဂါတစ်ဆယ်နှစ်မြို့ တွင် အုပ်ချုပ်ရေးကို စနစ်တကျ စီစဉ်ပြီးလျှင် ရခိုင်ပြည်ထီးနန်းသို့ ပြန်လာ သောအခါ ငနှလုံးမင်းသည် စစ်ပွဲအောင်မြင်လာသော စစ်သူကြီး ဓမ္မဇေယျ အမတ်ကြီးအား မဟာဝေဿ၀န်ဏ ဟူသော ဘွဲ့ဖြင့် ချီးကျူးဂုဏ်ပြုလေသည် ။ဤ တိုက်ပွဲကား လေးမြို့ခေတ် ကုလားရခိုင် ဒုတိယမြောက်စစ်ပွဲ တည်း။ +++++
လေးမြို့ခေတ် ကုလား ရ၈ိုင် ဒုတိယ စစ်ပွဲ ( AD 1283 ) ထိုအချိန် ရခိုင်ပြည် လောင်းကြက်မြို့၌ တရားစောင့်သော ရခိုင်ဘုရင်မင်းထီး
အုပ်ချုပ်စိုးစံလျှက်ရှိသည့်အချိန်ဖြစ်သည်။ လောင်းကြက်ထီးနန်းကို မဆက်ခံမီ ရခိုင်ပြည်၏ပြည်တွင်းရေးများကြောင့် ရခိုင်ဘုရင် တို့၏အင်အားမှာ ဆုတ်ယုတ်ခဲ့နေသော အချိန်ကို အခွင့်ကောင်းယူကာ ဘင်္ဂါတစ်ဆယ်နှစ်မြို့ရှိ ကုလားနှင့် သက်မြေရှင် ပဒေသရာဇ်တို့ သည် ဒီလင်မင်း၏ အကူအညီဖြင့် ရခိုင်ဘုရင်တို့၏သြဇာကို မခံဘဲ ပုန်ကန်ကြလေသည်၊ ရခိုင်ဘုရင် မင်းထီးသည် စစ်သူကြီး ဓမ္မဇေယျနှင့် အမတ်ကိုယ်ရံတော်ကြီး ပြသထ တို့အား စစ်သည်ပေါင်း တစ်သိန်းငါးသောင်းပေးကာ ဘင်္ဂါတစ်ဆယ်နှစ်မြို့ကို တိုက်ခိုက်စေသည်၊ ဤစစ်ပွဲတွင် ရခိုင်တို့က ကြည်းတပ် ရေတပ်အားဖြင့် တိုက်ခိုက်လေသည်။ မဟားစိုးကျွန်းသို့ ရောက်သောအခါ သက်လူမျိုးတို့သည် ကြိမ်တန်းတောင်က အခိုင်အခံ့ တပ်စွဲထားကြသည်။ကုလားများကလည်း ဟင်းရာဝတွင် သင်္ဘော
(100)လက်နက်အစုံနှင့် ရေကြောင်းကို ပိတ်ဆို့ထားကြလေသည်။စစ်သူကြီးဓမ္မဇေယျသည် တပ်မှူး စိုင်းတင်စားနှင့်တပ်မှူး မြိုချောင်းစား တပ်နှစ်တပ်ကို စစ်သားနှစ်သောင်းဖြင့် သက်များ ကုလားတပ်သို့ စစ်ကူလာလျှင် ဆီးကြိုတိုက်ခိုက်ရန် ပရိန်ဝ တွင် အခိုင်အခံ တပ်စွဲထား လေသည်၊ ရခိုင်ရေတပ်သည် စပ်တင်လောင် (၅၀၀) ကို ကျောက်တုံးများ တင်စေပြီး မြစ်ဝျတွင် မြှတ်ထားလိုက်သည်၊ ၀ါးဖောင် တစ်ထောင်ကျော်မှာလည်း အမှိုက်သရိုက်များထည့်ပြီး ကောက်ရိုးများကို လက်နက်စွဲကို လူသဏ္ဍန်းပြုလုပ်ပြီးယမ်းအိုးများကို တင်ကာ ဖြားရေကြီးသော ညအချိန်တွင် မြစ်ညာက ထိုဝါးဖေါင်များကို မျောချလိုက်သည်၊ ကုလားရေတပ်လည်း ရခိုင်ရေတပ် ချီလာသည် အထင်နှင့် သေနတ် အမြောက်များဖြင့် လှမ်းပစ်ရာ ၀ါးဖေါင်၌ရှိသော ယမ်းအိုးများသို့ မီးစွဲလောင်ကာ ဖြားရေအဟုန်ဖြင့် ကုလားသင်္ဘော များဆီသို့ မျောလာလေသည်၊ ကုလားသင်္ဘောများ မြစ်ဝသို့ ဆုတ်ခွါရာ မြစ်ဝတွင် မြှတ်ထားသော လောင်းပေါင်း (၅၀၀) ကြောင့် ရေကြောင်းပိတ်ဆို့ကာ ပင်လယ်သို့ မထွက်နိုင်ဘဲ မီးများစွဲလောင်ကာ ပျက်စီးသေကုန်ကြလေသည်၊ကုလားရေတပ်ပျက်လျှင် ကြည်းတပ်လည်း စစ်တကောင်းမြို့မှ ဆုတ်ခွါ ထွက်ပြေးလေသည်၊ ထိုအကြောင်းကို သက်မင်းကြားလျှင် အလွန်ကြောက်၍ လက်ဆောင်ပဏ္ဍာများဖြင့် အညံ့ခံလေသည်၊ ရခိုင်တို့သည် စစ်တကောင်းမြို့ကို အလွယ်တကူ သိမ်းပိုက်ပြီး ဒက္ကားနှင့် မောက်သူဇာ
မြို့များထိ တိုက်ခိုက်သိမ်းယူလေသည်၊ ဤစစ်ပွဲမှ စ၍ ရခိုင်တို့သည် နောင်စစ်ပွဲမျာျးတွင် ကြည်းတပ် ရေတပ် စစ်ကြောင်းနှစ်ကြောင်းဖြင့်
တိုက်ခိုက်ကြလေသည်၊ ဤစစ်ပွဲသည်ကား ရခိုင် နှင့် ကုလား တတိယမြောက် စစ်ပွဲဖြစ်လေသည်၊=+++++

မြောက်ဦးခေတ် ရခိုင်ကုလား ပထမစစ်ပွဲ
လောင်းကြက်ခေတ် နောက်ဆုံးမင်း (မင်းစောမွန်) ၏အမှားတစ်ခုကြောင့် မွန်နှင့်
ဗမာတို့သည် (၂၂) နှစ်လုံးလုံး ရခိုင်ပြည်ကို အုပ်ချုပ်စိုးစံကြလေသည်၊
မင်းစောမွန်လည်း ဘင်္ဂလား မဟာရာဇာ နဇာဥဒင်ရှား ထံတွင် (၂၂)လုံးလုံး
ခိုလှုံခဲ့နေရသဖြင့် ဘင်္ဂါဆယ့်နှစ်မြို့ကိုလည်း လက်လွတ်ခဲ့ရသည်၊ မင်းစောမွန်၏
အရိုက်အရာကို ဆက်ခံသော ညီတော် မင်းခရီ လက်ထက် တွင် ရခိုင်တို့၏ အင်အားမှာ
သိသိသာသာ တိုးတက်လာလေသည်၊ မင်းခရိ၏ သားတော် ဘစောဖြူ (AD 1458-1481 )တွင်
ရခိုင်တို့ သည် စစ်တကောင်းမြို့ကို ပြန်လည်တိုက်ခိုက် သိမ်းယူလေသည်၊ ဤစစ်ပွဲကား ရခိုင်နှင့် ကုလားတို့ ၏ စတုတ္ထမြောက် စစ်ပွဲတည်း။ ++++++
တစ်ဖန် (AD 1531) သံတွဲစား
နန်းတက်ချိန်တွင် ရခိုင်တို့၏စစ်အင်အားမှာ အထွတ်အထိပ်သို့ ရောက်နေပေသည်၊
နန်းတက်၍ (၃) နှစ်အကြာတွင် ဘင်္ဂလားသို့ အကြီးအကျယ် စစ်ချီလေသည်၊
ရခိုင်စစ်တပ်တို့ ၏စစ်ချီပုံမှာ စိတ်ဝင်စားစရာ ကောင်းလှသည်၊
မယူမြစ်ညာ ဂေါတောပလ္လင် စစ်ကြောင်းတွင် လှံကိုင် ဒါးစွဲ သူရဲ တစ်သောင်း ကို ရိုးစား ချစ်သူ က တစ်ဗိုလ် ၊လှံကိုင် ဒါးစွဲ သူရဲ တစ်သောင်းကို ရမ်းဗြဲစား ရဲအောင် က တစ်ဗိုလ်၊ ဒိုင်းကိုင်ဒါးစွဲ သူရဲတစ်သောင်းကို စိုင်းတင်စား ကျော်သူ က တစ်ဗိုလ်၊ ဒိုင်းကိုင်ဒါးစွဲ သူရဲတစ်သောင်းကို မယူစား ရန်အောင်ဇေယျ က တစ်ဗိုလ်၊ ကမံ လေးကိုင် သူရဲတစ်သောင်းကို ဒါးလက်စား ခင်ညိုက တစ်ဗိုလ် ၊ အသီးသီးတပ်မှူးများခန့်၍ အမတ်ဆင်ကဲကြီးကို တပ်မှူးချုပ်ခန့်ပြီး လျှင် အားလုံးသူရဲငါးသောင်းဖြင့် စစ်ကြောင်းတစ်ကြောင်း ချီတက်လေသည်၊ ပင်လယ်ကြောင်းချီသော ရေတပ်စစ်ကြောင်းတွင် လှံကိုင် ဒါးစွဲ သူရဲတစ်သောင်းကို အမ်းစား ချစ်သူက တစ်ဗိုလ် ၊ ကမံလေးကိုင် ကာစွဲ သူရဲတစ်သောင်းကို မာန်အောင်စား သတိုးမင်းဖြူ ကတစ်ဗိုလ် ၊သိုင်းတပ်သူရဲတစ်သောင်းကို စစ်တွေစားက တစ်ဗိုလ် ၊သားတော် အိမ်ရှေ့မင်းသား၏ လှံကိုင်ဒါးစွဲ ကမံလေးကိုင် သိုင်းတပ်ကာစွဲ အားလုံးပေါင်း တစ်သောင်း စုစုပေါင်းလေးသောင်း ကို အိမ်ရှေ့မင်းသားကို တပ်ချုပ်ခန့်၍ တိုက်သင်္ဘောများဖြင့် ချီတက်စေသည်။ကစ္ဆပနဒီ မြစ်ညာ ပဲချောင်း ကျောက်မသာ
၊ကျောက်ဖျာထက် ချီသော စစ်ကြောင်းတွင် ဒါးကိုင်လှံစွဲ သူရဲတစ်သောင်းကို ပန်းတော်စား ရန်မျိုးအောင်က တစ်ဗိုလ်၊ ကမံလေးကိုင်
သူရဲတစ်သောင်းကို မြို့သစ်စား ကျော်ဇံက တစ်ဗိုလ်၊ ဒိုင်းစွဲ ဒါးကိုင် သူရဲတစ်သောင်းကိုတောင်ကုတ်စား ရာဇသူ ကတစ်ဗိုလ်၊
သိုင်းတပ်သူရဲတစ်သောင်းကို လမုစား ထွန်းအောင်က တစ်ဗိုလ် ၊ အသီးသီး တပ်မှူးများခန့်၍ သူရဲ ငါးသောင်းဖြင့် ကုလားတန်မြစ်ညာမှ ချီတက်စေသည်။ သြရမ လမ်းမှ ချီသော ဆင်တပ် စစ်ကြောင်းတွင် စီးတော်ဆင် ဇီဝစိုး နှင့် တိုက်ဆင်ပေါင်း (၇၀၀) ဖြင့် ဒါးကိုင်ကာစွဲ သိုင်းတပ် ကမံလေးကိုင် သူရဲနှစ်သောင်း ကိုယ်ရံတော် သူရဲတစ်သောင်း အားလုံးသူရဲ သုံးသောင်းဖြင့် ဆင်တပ်ကြီးကို လုလားတန်စား အား တပ်ချုပ်ခန့်၍ စိုင်းတင်ချောင်းဖျား သြရမလမ်းမှ ချီတက်စေသည်၊အရှေ့တောင်စဉ် ကျေးရွာ လမ်းပေါက်များတွင်လည်း
ရဲမက်နှစ်သောင်းကို အမတ်ရာဇာကြီး ကို တပ်ချုပ်ခန့်၍ တောင်စဉ်ချောင်းစေ့ လုံခြုံရေးချတားသေးသည်၊ မြောက်ဦးမြို့တွင်လည်း မြေးတော် စကြာဝတေး နှင့် ပြည်စိုးကြီး အမတ်တို့ကို လှံ ဒါးကိုင် ကမံ သိုင်းတပ် ဒိုင်းကာစွဲ သူရဲနှစ်သောင်း ၊ကိုယ်ရံတော် သူရဲ တစ်သောင်း ပေါင်းသုံးသောင်း ကို မြို့စောင့်တပ်အဖြစ် လုံခြုံရေးချထားလေသည်၊ထိုနောက် စစ်လမ်းကြောင်းများ၌
လည်းကောင်း၊ မြို့တွင်း၌လည်းကောင်း အရေးအခင်းပေါ်ပေါက်လာခဲသည်ရှိသော် လျှင်မြန်စွာ ဆက်သွယ်နိုင်ရန်အတွက် ပန္နဲချောင်းစား ဇေယျဗိုလ်အား ခြေမြန်များကိုအပ်၍ ဆက်သွယ်ရေး တာဝန်ကို ထမ်းရွက်စေသည်၊ထိုသို့ စီစဉ်ပြီးသော် ပြည်ရှင်မင်း ကိုယ်တိုင်ချီသော တပ်တွင် သူရဲကောင်းလေးသောင်း ၊၀င်းတော်လေးမျက်နှာ မှ ၀င်းသား သူရဲကောင်းနှစ်သောင်း အားလုံးသူရဲကောင်း ခြောက်သောင်း အား ၀င်းမှူးကြီး လေးယောက်တို့ကို တစ်ဗိုလ်ကျစီ တပ်မှူးခန့်၍ လက်ဝဲစစ်ကဲကြီး ဥရာဇ်တောင်မြို့စား မဟာမင်းလှတင် ကိုတပ်ချုပ်ခန့်၍ ရှေ့မှ ချီတက်စေသည်၊ တစ်ဖန် လှံကိုင် ဒါးစွဲ သူရဲတစ်သောင်းကို ကင်းစားသတိုးကျော် ကတစ်ဗိုလ် ၊ ကမံလေးကိုင် သူရဲတစ်သောင်းကို ၀င်းစား စနေ က တစ်ဗိုလ် ၊ဒိုင်းကိုင်ကာစွဲ သူရဲတစ်သောင်းကို မီးစားလက်ယျာကျော် ကတစ်ဗိုလ် ၊ သိုင်းတပ်သူရဲတစ်သောင်းကို မအီစား ဘိလ က တစ်ဗိုလ် ၊ ကိုယ်ရံတော် သူရဲတစ်သောင်းကို ပန်းတင်စား သတိုးအောင် ကတစ်ဗိုလ် ၊အသီးသီးတပ်မှူးများခန့်၍ ဒါးပိုင်ကြီးကို တပ်မှူးချုပ်ခန်ပြီးလျှင် လက်ယာစစ်ကဲကြီး မယူစားမဟာ မနုဟာ ကို တပ်မနောက်က အချုပ်ခန့်၍ အားလုံးရှေ့တပ် နောက်တပ် စစ်သည် တစ်သိန်းတစ်သောင်းဖြင့် ပြည်ရှင်မင်း မင်းဗာဘုရင်သည် ရခိုင်သက္ကရာဇ် (၈၉၄)ခု တန်းဆောင်မုန်း လဆန်း (၉)ရက်နေ့တွင်
ဘင်္ဂါနှစ်မြို့သို့ စစိချီတော်မူသည်။ ရခိုင်ဘုရင်မင်းဗာကြီသည် ဘင်္ဂါဆယ်နှစ်မြို့ကို သိမ်းယူတော်မူပြီး အိန္ဒိယနိုင်ငံ (BEHAR) နယ်ထိ ၀င်ကာ
မဟာဗောဓီ၌ သက်တော်စေ့ ဘုရားများကို တည်ထားလေသည်၊ဘင်္ဂါဆယ်နှစ်မြို့ကို သိမ်းယူသော ခရစ်နှစ် 1532 ခုနှစ်တွင် မဂိုနိုင်ငံကို ရျေးဦးစွာ တည်ထောင်သော မဂိုဧကရာဇ်(Barbur)၏ သားတော်အကြီး (Humayun) သည် ခမည်းတော်၏အရိုက်အရာကို (1530-1556) ထိဆက်ခံလေသည် ၄င်းသည်မောက်သူဇာ မြို့ (Murshidabad)၏မြောက်ဖက် မိုင်(၈၀)ခန့် ကွာဝေးသော ဂါဝါ(Gaur) ပြည်ငယ်ကို သိမ်းပိုက်ပြီး ဒေလီနန်းတွင်းရေး ချုပ်ထွေးနေသောကြောင့် ဒေလီသို့ ချက်ချင်းမပြန်ဘဲ ရှိနေသည် ထိုကြောင့် ရခိုင်ဘုရင်မင်းဗာကြီးနှင့် မဂိုဧကရာဇ်တို့သည် မဟာမိတ်ဖွဲကာ တိုင်းပြည်နယ်နမိတ်ကို သတ်မှတ်ကြလေသည်။ ယင်းနောက် မဂိုဘုရင်ဧကရာဇ်က သူ၏ သမီးတော် ပန်စီ(Pensi) ပန်စိတာလ် (Pendital)ဟူ၍ခေါ်သည်ကို ရခိုင်ဘုရင်အား ဆက်သက်ကာ (Zabauk Shah) ဟူသောဘွဲ့ဖြင့် မဂိုနှင့် ရခိုင်
မဟာမိတ် ဖွဲ့ကြလေသည်၊ ဤစစ်ပွဲတွင် ရခိုင်တို့၏ စစ်အင်အားမှာ စစ်သား (၃)သိန်းကျော် ပါဝင်လေသည်၊ ဤတိုက်ပွဲကာ ရခိုင် ကုလား ပဉ္စမမြောက် စစ်ပွဲတည်း။++++++++

ခရစ်နှစ် (AD 1612-1622)ခုနှစ်တွင် ရခိုင်ထီးနန်းကို မင်းခမောင်းအုပ်ချုပ်နေချိန်တွင် မဂိုဘုရင်ခံချုပ်သည် ဗိုလ်ချုပ်ကြီး
(Abdul Wahid) အား မြင်းစီးသူရဲ ၂၀၀၀ စစ်ဆင်ပေါင်း ၁၀၀ ၊ ခြေလျှင်စစ်သား ၃၀၀၀ နှင့် ရခိုင်တို့ ပိုင်နက်ဖြစ်သော ဘီဟာနယ်ကို စစ်ချီတက်လာသည် ၊ ဘုရင်ခံချုပ်ကိုယ်တိုက်လည်း မြင်းစီးသူရဲကောင်း (၉၀၀) ခြေလျှင်စစ်သား (၄၀၀၀) စစ်ဆင်ပေါင်းများစွာနှင့် (Khijipur)နယ်ရှိ (Dolia နှင့် Lakhia )ဒေသတွင် တပ်စွဲထားကြလေသည် ၊၄င်း၏သား (Tippera )မ ဖြတ်ပြီး ဗိုလ်ချုပ်ကြီး (Abdul Wahid) အား ကူညီရန် အသေးစိတ်ညွန်ကြးထားလေသည်၊ ထိုသတင်းကို ရခိုင်ဘုရင် မင်းခမောင်းကြားလျှင် ကြားချင်း ကြည်း ရေ စစ်အင်အား (၃၀၀၀၀၀)ခန့်နှင့် (Brass Feni နှင့် Chota) ကိုဖြတ်၍ ဘီဟာနယ်သို့ ချီတက်လာသည်၊ ပေါ်တူဂီ ရာဇ၀င်ဆရာ Bacarro ၏အဆိုအရ ရခိုင်ဘုရင်၏ စစ်အင်အားမှာ သေနတ်ကိုင် စစ်သား (၈၀၀၀၀) ဒါးကာဒိုင်းစွဲ လက်နက်ကိုင် (၁၀၀၀၀) စစ်ဆင် (၇၀၀) နှင့် ကြည်းကြောင်း၊ လက်နက်ခဲယမ်း ၀န်တင်သင်္ဘော (၁၅၀) တိုက်သင်္ဘောကြီး (၅၀) ရေတပ်စစ်သား ၄၀၀ စီပါဝင်သော စစ်သင်္ဘောမျာဖြင့်
ရေကြောင်းချီလာသည်ကို မဂိုဗိုလ်ချုပ် ကြားလေလျှင် ကြောက်လန့်ကာ (Bhalma )မှ ဒက္ကားသို့ ဆုတ်ခွါပြေးလေသည်၊ ရခိုင်ကြည်းတပ် လည်း မဂိုတပ်နောက်ကို လိုက်တိုက်လေသည်၊ရခိုင်ရေတပ်ကြီးကား ဂင်္ဂါမြစ်ဝကျွန်းပေါ်အထိ ချီတက်တိုက်ခိုက်လေသည်၊ ဤတိုက်ပွဲသည်ကား ရခိုင်ကုလား ဆဌမမြောက် စစ်ပွဲတည်း။++++++++

တဖန် ခရစ်နှစ် (AD 1617 နှစ်တွင်လည်း
ဘင်္ဂလားဘုရင်ခံချုပ် (CAssin khan)သည် စစ်ပွဲရှုံ့းထားသည်ကို မကျေနပ်၍
မြင်းစီး သူရဲကောင်း (၅၀၀၀) ခြေလျင်စစ်သား (၅၀၀၀၀) တိုက်ဆင်ပေါင်း (၂၀၀)
ရေတပ်တိုက်သင်္ဘော (၁၀၀၀)တပ်မကြီးနှင့် ပင်လယ်ကမ်းခြေရှိ (Baia Feni) တွင်
တပ်စွဲထားလေသည်၊ ထိုသတင်းကို မင်းခမောင်း ကြားလျှင် ရှေပြေးတပ် လေးသည်တော်
(၁၀၀၀၀) တိုက်ဆင်ပေါင်း (၄၀၀) တိုက်သင်္ဘော (၁၀၀၀)ဖြင့်
မ၈ိုတစ်တပ်အား လမ်းမှ ဆီးကြို တိုက်ခိုက်၇န် နှင့် တစ်ဖက်တွင်
စစ်သား(၁၀၀၀၀)ဖြင့် တပ်စွဲထာသော
မဂိုစစ်တပ်နှင့် မပူးပေါင်းရအောင် ရှေ့ပြေးတပ်ကို စေလွတ်လေသည်၊ထိုနောက် မင်းခမောင်း ကိုယ်တိုင် မြင်းစိးသူရဲ တစ်သောင်း
၊တိုက်ဆင်ပေါင်းများစွာနှင့် ခြေလျှင်စစ်သား (၃၀၀၀၀၀)ခန့် ရှိသော စစ်တပ်ကြီးဖြင့် စစ်တကောင်းမြို့ထိ တိုက်ခိုက်သိမ်းယူလေသည်
ထိုစစ်ပွဲတွင်လည်း မဂိုဘုရင်တို့ စစ်ရှုံးကာ ငွေ ( ၇၀၀၀၀၀)သိန်း ခန့် ဆုံးရှုံးကြလေသည်။ ဤတိုက်ပွဲကား ရခိုင် ကုလား သတ္တမမြောက်စစ်ပွဲတည်း။

တစ်ဖန် ခရစ်နှစ် (AD 1652-1674)ခုနှစ်
ရခိုင်ပြည်တွင် စန္ဒသုဓ္ဒမင်း စိုးစံနေချိန်ဖြစ်သည်၊ ထိုအချိန်၌
ရခိုင်ပြည်သည် အင်အားဆုတ်ယုတ်စ ပြုလာသော အချိန်ဖြစ်နေသည်၊ တစ်ဖက်တွင်လည်း
မဂိုဘုရင်၌ စစ်သား(၇၀၀၀၀၀)သိန်းခန့် ရှိသော ကြည်းတပ်ကြီးကို
ပိုင်ဆိုင်ထားသည်၊ မဂိုတို့၏ရေတပ်သည် ရခိုင်ရေတပ်ကို မယှဥင်္နိုင်သော်လည်း
ကြည်းတပ်အင်အားမှာ အလွန်အင်းအားကောင်းပေသည်။ ခရစ်နှစ် 1660 ခုနှစ်တွင်
မဂိုဧကရာဇ် (Shah Jehan ) ကွယ်လွန်ရာ စတုတ္ထသားတော် သြရန်ဇိဗ် သည်
ဒေလီထီးနန်းကို ဆက်ခံလေသည်၊ ထိုမင်း၏တတိယသားတော် (Shah Shuja)သည် သူညီတော် လိုက်လံဖမ်းဆီးမှုကြောင့် ရခိုင်ပြည်သို့ ခြွေရံများစွာဖြင့် ရခိုင်ေ၇တပ်မတော်ပိုင် ( The King of Arakan Armaba ) သင်္ဘောဖြင့် (1660)ခုနှစ် ဇွန်လ (3)ရက်နေ့တွင် မြောက်ဦးမြို့သို့ ဆိုက်ရောက်လာသည်။ ရခိုင်ဘုရင်သည် ၄င်းတို့အား ကောင်းမွန်စွာ စောင့်ရှောက်ထားသော်လည်း (3)လအကြာတွင် ကောက်ကျစ်သော အကြံနှင့် နန်းတော်ကို မီးရှို့မှုဖြင့် (1661)ခုနှစ် ဖေဖေါ်ဝါရီလ(7) ရက်နေ့တွင် သေဒဏ်ပေးလိုက်လေသည်၊ ၄င်း၏သားတော်
သမီးတော်များကိုကား အစောင့်အရှောက်ဖြင့် နေခွင့်ပြုထားလေသည်။ ထိုသတင်းကြောင့် ဘင်္ဂလားဘုရင်ခံချုပ် (Shah Shuja) ၏ ဦးရီးတော်သည် ဒေခ်ျ့ ကုမ္မဏီပိုင် ဂင်္ဂါ အမည်ရှိ သော သင်္ဘောတစ်စင်းကို ငှါးယူပြီး (Shah Shuja) ၏ သားတော် သမီးတော် များကို ပေးအပ်ရမည်ဟု တောင်းဆိုရန် သံတမန် စေလွတ်လိုက်လေသည် ၊သို့သော် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာသည် မဂိုသံများကို
တွေ့ခွင့်တောင် မပေးခဲ့ချေ ၊ထို့ကြောင့် မဂိုနှင့် ရခိုင်တို့သည် စစ်ကြီးဖြစ်၇န် အကြောင်းဆိုက်ရောက်ခဲ့လေသည်၊ ခရစ်နှစ် 1664 ခုနှစ်တါင်
မဂိုရေတပ်သည် စစ်သင်္ဘော (260)စင်းနှင့် ရခိုင်ြ်ပည်သို့ ချီတက်တိုက်ခိုက်ရန် ဒက္ကားမြို့၌ အစီစဉ် ပြုလုပ်နေကြောင်းကို စစ်တကောင်းဆိပ်ကမ်းရှိ ရခိုင်ရေတပ်က သတင်းရရှိသောကြောင့် ရခိုင်တိုက်သင်္ဘော (70)စင်းသည် ဒက္ကားမြို့သို့ ချီတက် တိုက်ခိုက်ရာ မဂိုရေတပ် သင်္ဘော တစ်ဝက်ကျော် လုံးဝပျက်စီးပြီး ဆုတ်ခွါပြေးကြသဖြင့် မဂိုစစ်သားများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့လေသည်၊ ဤတိုက်ပွဲသည်ကား ရခိုင် နှင့် ကုလား အဌမမြောက် စစ်ပွဲတည်း။ ++++++++++

တစ်ဖန် ခရစ်နှစ် (1665)ခုနှစ်တွင်လည်း ဘင်္ဂလားဘုရင်ခံ ချုပ် မဂိုဘုရင်၏ ဦးရီးတော် (Shayista Khan) သည် ဘင်္ဂလားရှိ ဒခ်ျ့ကုမ္မဏီပိုင်
သင်္ဘောများကို ရခိုင်ပြည် ကို တိုက်ခိုက်ရာတွင် ကူညီရမည်ဟု ခြိမ်းခြောက်လေသည် ရခိုင်တို့လည်း မဂိုတို့က ဒုတိယအကြိမ် ရခိုင်ပြည်သို့
စစ်ချီတိုက်ခိုက်မည့် အကြောင်းကို သိနေသောကြောင့် (Ad 1665)ခုနှစ် မိုးရာသီမရောက်မီ ရခိုင်တိုက်သင်္ဘော (400)ခန့် ပါဝင်သော ရေတပ်မတော်ကြီးသည် ဂင်္ဂါမြစ်ကြောင်းကို ဆန်တက်ကာ အမြောက်သေနတ် ပစ်ဖေါက်၍ မဂိုတို့အား လက်ဦးမှု တိုက်ခိုက်ခြင်းကြောင့် ဂင်္ဂါမြစ် ၀ဲယာ တုန်လှုပ်ချောက်ချားလေပြီး မဂိုတို့သည်လည်း ငြမ်သက်သွာလေသည်။ မဂို ဘုရင်သည် စစ်အင်အားကို ရနိုင်သမျှ စုဆောင်းပြီး ခရစ်နှစ် (1666)ခုနှစ် ဖေဖေါ်ဝါရီလ တွင် စစ်တကောင်းမြို့ရှိ ရခိုင်ရေတပ်မတော်နှင့် မဂိုရေတပ်မတော် တို့သည် အပြင်းအထန် တိုက်ပွဲဖြစ်ပွါးရာ တွင် ရခိုင်ရေတပ်မတော် အရေးနိမ့်၍ စစ်တကောင်းမှ ဆုတ်ခွါခဲ့ရလေသည်။ ထိုအခါ မဂိုကြည်းတပ်ကြီးသည် အလျင်အမြန် ချီတက်လာကာ စစ်တကောင်းမြို့ကို သိမ်းယူလိုက်လေသည်။ ဤတိုက်ပွဲသည်ကား
ရခိုင်နှင့် ကုလားတို့ ၏ န၀မမြောက် နောက်ဆုံးတိုက်ပွဲဖြစ်လေသည်။ ++++
ဤသို့ဖြင့် ရခိုင်တို့ အင်ပါယာ ဖြစ်ခဲ့သော ဘင်္ဂါတစ်ဆယ့်နှစ်မြို့ သည်
မဂိုဘုရင်တို့၏ မဟာအင်ပါယာ ထဲသို့ ကျရောက်ခဲ့လေသည်။ ထိုအချိန်မှစ၍
အနောက်စစ်မျက်နှာကို ရခိုင်တို့သည် နိဂုံးသတ်လိုက်ရပါသည် ။အတိတ်ကို
လွမ်းဖို့အတွက် ရေးသားဖေါ်ပြခြင်းမဟုတ်ပါ ၊ အတိတ်က သင်ခန်းစာများကို ယူပြီး
ပစ္စုပန်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်၇န်အတွက် ရခိုင်သုတ စာအုပ်မှ
ကောက်နှုတ်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

အားလုံးကို လေးစားလျှက်
ကိုဖြူ
No comments:
Post a Comment