Thursday, 23 October 2014

ရခိုင်လူမျိုးတို့၏ စာပေ အစ

ဂင်္ဂါမြစ်ဝှမ်း၌ ပေါ်ပေါက်ခဲ့သော အက္ခရာကို အက္ခရာ သမိုင်းသုတေသီတို့က ဗြဟ္မီ  (Brahmi) အက္ခရာဟူ၍ ခေါ်ဆိုကြပြီးလျှင် ပေါ်ပေါက်ခဲ့သော ခေတ်ကာလကို ခရစ်မပေါ်မီ ဘီစီ (၈)ရာစု နှင့် (၆)ရာစု အတွင်းဟူ၍ ခန်းမှန်းကြပါသည်။ ဗြဟ္မီအက္ခရာသည် တစ်စတစ်စ သြဇာလွမ်းမိုးလာလျှက် ကျယ်ကျယ်ပြန့်ပြန့် အသုံးများလာသော အက္ခရာဖြစ်လာသည်။ သီရိဓမ္မာသောကမင်းကြီးလက်ထက် (ဘီစီ ၂၇၂ -ဘီစီ  ၂၃၂ )တွင် အိန္ဒိယပြည် တစ်ပြည်လုံးနီးပါး သြဇာအာဏာသက်ရောက်ခဲ့ခြင်းကြောင့်  ဗြဟ္မီ အက္ခရာဖြင့် ရေးထိုးထားသော အရေးအသားများက အိန္ဒိယတောင်ပိုင်းနှင့် သီရိလင်္ကာ ကျွန်းများ၌ပင်တွေ့ရလေသည်၊၀ိရပုရုသျှဒက္က၌ တွေ့ရသော နာဂါဂျူနီကွင်ဒါ ကျောက်စာ (Nagajunikonda Inscription of Vtrapurshadatta) ကို ( Prakrit) ဘာသာစကား (ခရစ်နှစ် အေဒီ (၃ရာစု ဒုတိယ ထက်ဝက်ပိုင်း ) ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားကြောင်း ဒေါက်တာ ဆာကာရ်၏ တင်ပြချက်ကို တွေ့ရပါသည်၊ အိန္ဒိယပြည် ဂင်္ဂါမြစ်ဝှမ်းဒေသ၌ ပေါ်ပေါက်ခဲ့သော မြောက်ပိုင်း ဗြဟ္မီ အက္ခရာသည် နယ်နမိတ်ချင်း ဆက်စပ်နေသော ရခိုင်ပြည်သို့ ခရစ်နှစ် ဘီစီ (၆)ရာစု ဒုတိယ နှစ်ဝက်ပိုင်း၌ ရောက်လာကြောင်းတွေ့ရသည်၊ထိုဗြဟ္မီအက္ခရာ ပါဠိဘာသာဖြင့် ရေးထိုးထားသော ကျောက်စာကို ရခိုင်ပြည်၌ တောင်ပေါက်ကြီးကျောက်စာ တွင် တွေ့ရလေသည်၊ယင်းကျောက်စာကို ယခုခေတ် အက္ခရာဖြင့် ရေးလျှင် အောက်ပါအတိုင်းတွေ့ရပါသည် ။ အထခေါ ဘဂ၀ါ ဘိက္ခုသံဃံ ပါသာဒံ အာရုပေတွာ ၊ပဉ္စပါသာဒသတ ပရိဝုတော ဓည၀တီရဌံ အာကာသ မဂ္ဂေန စာရိကံ စရမာနော ဓည၀တီ မဟာနဂရသ မစ္ဆီမဒိသာဘာဂေ ဂစ္ဆပနဒီယာ ပုရတ္တိ မတိရေ သေလာဂီရ ပဗ်ဗတ ဗုဒ္ဒမှိ သြရောဟိတွာ ပတိဌာတိ ။ဤကျောက်စာကို ရခိုင်သမိုင်းသုတေသီ ဦးစံရွှေဘုသည် ခရစ်နှစ်
၁၉၃၂ ခုနှစ်တွင် တွေ့ရှီခဲ့သည်ဟု သိရပါသည်၊ ဤကျောက်စာကို ဘီစီ (၆)ရာစုက ရေးထိုးခဲ့သည်ဟု ခန့်မှန်းရပါသည်၊ ရခိုင်ပြည်၌ ရှေးအကျဆုံးကျောက်စာဖြစ်သည်။ ဝေသာလီမြို့တော်ဟောင်းနေရာ၏ အရှေ့ဖက် မြောက်ဦးမြို့၏အနောက်ဖက် ပန်းသုံးချောင်း ချောင်းဖျားရှိ၌ ပြိုပျက်နေသော စေတီတစ်ဆူမှ တွေ့ရှိသော ကျောက်ဆင်းထု ဘုရားရုပ်ပွားတော်တစ်ဆူတွင် အောက်ခြေပိုင်း၌ မြောက်ပိုင်းဗြဟ္မီအက္ခရာဖြင့် သစ္စကပရိကဇိန ဟူ၍ ပါဠိဘာသာဖြင့်ရေးထိုးထားသည် ထိုကြောင့် ရခိုင်လူမျိုးတို့၏ စာပေအရေးအသား ပေါ်ပေါက်လာသော (တစ်နည်း) စာပေအက္ခရာများဖြင့် မှတ်တမ်းတင် သုံးစွဲလာခဲသော ခုနှစ်သည်  ခရစ်တော်မပေါ်မီ (ဘီစီ ၆)ရာစု က စခဲ့သည်ဟု အကြမ်းအား ဖြင့် မှတ်ယူရမည်။ယင်းနောက်မှ ဝေသာလီဘုရားကြီးကျောက်စာ (အေဒီ ၄ ရာစု )ဝေသာလီနီတိစန္ဒြကျောက်စာနှင့် အခြားကျောက်စာအများအပြားတွေ့ရှိရလေသည် ။
ယခုဆိုသော် ရခိုင်လူမျိုးတို့ စာပေသုံးစွဲလာခဲ့သောခုနှစ်သည် ( ဘီစီး ၆ ရာစု + အေဒီ ၂၁ ရာစု ) စုစုပေါင်းသက်တမ်းနှစ်ပေါင်း နှစ်ထောင့်ခြောက်ရာ နှင့် နှစ်ထောင့်ခုနစ်ရာ ကြား ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
စာလုံးပေါင်းသတ်ပုံများ အနည်းအကျဉ်းမှားယွင်းကြောင်းဝန်ခံပါသည်၊ ဇော်ဂျီဖေါင့်နှင့် အောက်က (ဗ)ခံတာ အောက်က (ဓ)ခံတာတို့ဖြစ်ပါသည် ၊

No comments:

Post a Comment